• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ အဓိက စီးပွားရေး အုပ်စုများ၏ ခန့်မှန်းခြေ တိုးနှုန်းများကို IMF တိုးမြှင့်

(GMT+08:00) 2017-10-12 15:15:06

ယခုလ ၁၀ရက်နေ့မှ ၁၅ရက်နေ့အထိ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF)နှင့် ကမ္ဘာဘဏ်အုပ်စုတို့သည် ၂၀၁၇ခုနှစ် ဆောင်းဦးရာသီ နှစ်ပတ်လည် အစည်းအဝေးကို အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တွင် ကျင်းပနေကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

ယခုလ ၁၀ရက်နေ့က IMFမှ ထုတ်ပြန်ခဲ့သော နောက်ဆုံး အကြိမ် ကမ္ဘာ့ စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာတွင် ကမ္ဘာ့ စီးပွားရေး ကောင်းမွန်လာနေကြောင်း ဖော်ပြသည်။

၎င်းအစီရင်ခံစာတွင် တရုတ်ပြည် အပါအဝင် အဓိက စီးပွားရေး အုပ်စုများ၏ စီးပွားရေး ခန့်မှန်းခြေ တိုးနှုန်းများကို တိုးမြှင့်ကြောင်း၊ ယင်းသည် ယခုနှစ်နှင့် လာမည့်နှစ်တွင် ကမ္ဘာ့ စီးပွားရေး ခန့်မှန်းခြေ တိုးနှုန်းများကို တိုးမြှင့်ကြောင်း ဖော်ပြသည်။

   Webradio