• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ညှိနှိုင်းဆွေးနွေး၍ ပဋိပက္ခများကို ကောင်းမွန်စွာ ဖြေရှင်းရန် တရုတ် မျှော်လင့်

(GMT+08:00) 2017-10-11 12:38:36

    ယခုလ ၁၀ ရက်နေ့က  တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်သည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ညှိနှိုင်းဆွေးနွေး၍ ပဋိပက္ခများကို ကောင်းမွန်သင့်လျှော်စွာ ဖြေရှင်းရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကိစ္စရပ်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုသည်ဟု ပြောကြားခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio