• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မြစ်တွင်လှေနစ်မြှုပ်မှုကြောင့် သေဆုံးသူ ၂၃ ဦးထိ တိုးလာ

(GMT+08:00) 2017-10-11 12:21:13

      ဘင်္ဂါလီလူမျိုးများသယ်ဆောင်ထားသောလှေတစ်စင်းသည် ယခုလ ၈ ရက်နေ့ညက မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ခရီးထွက်ရာ၌ နစ်မြှုပ်ခဲ့သောကြောင့်၊ လူ ၂၃ ဦးထက်မနည်း သေဆုံးပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရမှ ယခုလ ၁၀ ရက်နေ့က နောက်ဆုံး ကောက်ယူချက်ကို ကိုးကား၍  ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ယင်းဘင်္ဂါလီလူမျိုးများသယ်ဆောင်ထားသောလှေတစ်စင်းသည် ယခုလ ၈ ရက်နေ့ ည ၉ နာရီ ခွဲခန့်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် နတ်-မြစ်တွင် နစ်မြှုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

   Webradio