• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ထိုင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်

(GMT+08:00) 2017-10-11 11:54:09

        ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ၂၀၁၈ခုနှစ် ဇွန်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်စွဲကို ကြေညာမည်ဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့တွင် ဝန်ကြီးချုပ်ရုံး၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ထိုနေ့တွင် ပရာယွတ်သည် ကက်ဘိနက်အဖွဲ့ အစည်းအဝေး ကျင်းပပြီးနောက် ဝန်ကြီးချုပ်ရုံး၌ မီဒီယာများအား ထိုသို့ ပြောကြားသွားခြင်းဖြစ်သည်။

        ပရာယွတ်က ယင်းသည် ထိုင်းအစိုးရ သတ်မှတ်ထားသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပရေး လမ်းစဉ်နှင့် ကိုက်ညီကြောင်း၊ ထိုင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ နိုင်ငံရေးပါတီဥပဒေကို မကြာခင်ရက်များက စတင် ကျင့်သုံးခဲ့ကြောင်း ပြောကြားသည်။

   Webradio