• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားတွင် ဆော်ဒီအာရေဗျ ဘုရင် ခရီးလှည့်လည်

(GMT+08:00) 2017-10-10 16:23:20

ယခုလ ၄ရက်နေ့မှ ၇ရက်နေ့အထိ ဆော်ဒီအာရေဗျ နိုင်ငံ ဘုရင် စာလမန်သည် ရုရှား နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

ယင်းသည် ၁၉၃၂ခုနှစ်က ဆော်ဒီအာရေဗျ နိုင်ငံ တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် ဆော်ဒီဘုရင်၏ ပထမဆုံး အကြိမ် မော်စကို ခရီးစဉ် ဖြစ်၍ ဘက်အသီးသီးတို့သည် မျက်ခြေမပြတ် အာရုံစိုက်နေကြကြောင်း၊ မကြာခင် နှစ်များက အရှေ့အလယ်ပိုင်း ဒေသတွင် စစ်မက် အဆက်မပြတ် ဖြစ်ပွားပြီး နိုင်ငံကြီးများ အကြား ယှဉ်ပြိုင်မှု ပြင်းထန်လာကြောင်း၊ ဆော်ဒီအာရေဗျနှင့် ရုရှားတို့သည် ချယ်ချီနီးယား၊ ဆီးရီးယား၊ အီရန်နှင့် ယီမင်စသည့် ပြဿနာများတွင် သဘောကွဲလွဲမှု ရှိ၍ နှစ်နိုင်ငံ အကြား ကောင်းမွန်သည့် ဆက်ဆံမှု နှစ်ရှည်လများ မရှိကြောင်း၊ ယခုအကြိမ် ဘုရင် စာလမန်၏ ရုရှား ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှု ပြန်လည် နွေးထွေးစေရန် အတွက် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိပြီး အရှေ့အလယ်ပိုင်း ဒေသ အတွင်းနှင့် အပြင်၌ အင်အားစုများ၏ အကျိုးစီးပွားများ ပြန်လည်ခွဲဝေမည်ကို ဖော်ပြနေကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

   Webradio