• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ချောပို့လုပ်ငန်း တဟုန်ထိုး တိုးတက်

(GMT+08:00) 2017-10-10 16:21:00

အောက်တိုဘာလ ၉ရက်နေ့သည် ၄၈ကြိမ်မြောက် ကမ္ဘာ့စာတိုက်ရေးရာနေ့ ဖြစ်သည်။ တရုတ် အမျိုးသား စာတိုက်ရေးရာ ဌာန ဌာနမှူး၊ ဒုဝန်ကြီး မာကျွင်းရှင့်က သက်ဆိုင်ရာ မိန့်ခွန်းပြောကြားရာတွင် ချောပို့လုပ်ငန်းသည် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် မြင်းနက် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ချောပို့လုပ်ငန်း ပမာဏသည် ၃နှစ် ဆက်တိုက် ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်ပြီး ကမ္ဘာ့ ချောပို့လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်ချောပို့လုပ်ငန်း၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ရာခိုင်နှုန်း ၄၀ရှိပြီ ဖြစ်ကြောင်း၊ တရုတ်ပြည်၏ နောက်ထပ်ခြေလှမ်းတစ်လှမ်းမှာ စာတိုက်ရေးရာ၏ ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့် ဆောင်ရွက်ပြီး တရုတ်ပြည်ကို စာတိုက်ရေးရာ နိုင်ငံကြီး တစ်နိုင်ငံမှ စာတိုက်ရေးရာ လုပ်ငန်း ထွန်းကားသည့် နိုင်ငံ တစ်နိုင်ငံ အဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio