• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ကွမ်ရှီး ပိုင်စစ်မြို့ ခေတ်မီ လယ်ယာစိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်

(GMT+08:00) 2017-10-10 16:18:18

၂၀၁၀ပြည့်နှစ် မေလ ၁၀ရက်နေ့တွင် ထိုအချိန်က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အတွင်းရေးမှူး၊ နိုင်ငံတော် ဒုဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသည့် ရှီကျင့်ဖိန်သည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ပိုင်စစ်မြို့သို့ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ရာ ဒေသခံ ပြည်သူများအား ခေတ်မီ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ချမ်းသာမှု အကောင်အထည်ဖော်ရေး လမ်းကြောင်းကို ညွှန်ပြခဲ့ကြောင်း၊ ပြီးခဲ့သည့် ၇နှစ်အတွင်း ရှီကျင့်ဖိန် ရောက်ရှိခဲ့သော ပိုင်စစ်မြို့ရှိ ကျေးရွာများတွင် ပြည်သူများ၏ နေထိုင်မှုများ အပြောင်းလဲကြီး ပြောင်းလဲလာခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ဒေသခံ ပြည်သူများသည် ရှီကျင့်ဖိန်၏ ညွှန်ကြားချက် အတိုင်း ခေတ်မီ လယ်ယာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး ဆင်းရဲမှုကို ပပျောက်စေ ခဲ့ကြောင်း၊ ဥပမာ ပြောရမယ်ဆိုရင် ပိုင်စစ်မြို့ နေ့ကျန်းရွာတွင် လယ်သမားများ၏ နှစ်စဉ် လူတစ်ဦးချင်း ပျမ်းမျှ အသားတင် ဝင်ငွေမှာ ၂၀၁၀ပြည့်နှစ်က တရုတ် ယွမ်ငွေ ၆၄၇၅ယွမ် ရှိရာမှ ၂၀၁၆ခုနှစ်က ၁သောင်းကျော် အထိ တိုးလာခဲ့ကြောင်း  စီအာအိုင်က ရေးသား ဖော်ပြသည်။

   Webradio