• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား-တရုတ်ချစ်ကြည်ရေးအသင်းတည်ထောင်ခဲ့သည့် နှစ် ၆၀ပြည့်အတွက် ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00) 2017-10-10 15:13:09

      ရုရှား-တရုတ်ချစ်ကြည်ရေးအသင်းတည်ထောင်ခဲ့သည့် နှစ် ၆၀ ပြည့် ဂုဏ်ပြုပွဲ အခမ်းအနားကို အောက်တိုဘာလ ၉ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်၌ ကျင်းပခဲ့ရာ၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊  ရုရှား-တရုတ်ချစ်ကြည်ရေးအသင်းထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်းဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသဝဏ်လွှာတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်က၊ လွန်ခဲ့သည့် အနှစ် ၆၀ အတွင်း ရုရှား-တရုတ် ချစ်ကြည်ရေးအသင်းသည်၊ တရုတ်ပြည်နှင့် ချစ်ခင်စွာဆက်ဆရေး ခံယူချက်ဖြင့်၊ နှစ်နိုင်ငံ ပြည်သများကြားကူးလူးဖလှယ်မှုကို တက်ကြွစွာ ဆောင်ရွက်ပြီး၊ နှစ် နိုင်ငံပြည်သူများ အကြား အပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရေးအတွက် တက်ကြွသော စွမ်းဆောင်မှု ပြုခဲ့ကြောင်းရေးသားဖော်ပြသည်ဟု သတင်းအရသိရသည်။

 

   Webradio