• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြေငလျင် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝ ဘေးအန္တရာယ် လျော့ပါးစေရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တရုတ် အားဖြည့်ပြုလုပ်

(GMT+08:00) 2017-10-09 18:02:17

    တရုတ် အမျိုးသား မြေငလျင်ရေးရာ ဌာန သိပ္ပံနည်းပညာ ဦးစီးဌာန ဒုညွှန်ချုပ် ဝမ်မန်ဒါက ယခုအထိ အမျိုးသား မြေငလျင်ရေးရာဌာနသည် Belt and Road တလျှောက်ရှိ ၄၁နိုင်ငံနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ထားရှိပြီး မြေငလျင် တိုင်းတာကြပ်မတ်ရေး၊ မြေငလျင် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရေးပေါ် ကယ်ဆယ်ရေးနှင့် သိပ္ပံနည်းပညာ သုတေသနပြုရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ပြုလုပ်နေကြောင်း၊ နောက်ထပ်ခြေလှမ်းမှာ မြေငလျင် ရေးရာ လုပ်ငန်းဌာနများသည် Belt and Road တလျှောက်ရှိ နိုင်ငံများနှင့် မြေငလျင် ဘေးအန္တရာယ် အတူ ခုခံကာကွယ်နိုင်စွမ်း တိုးမြှင့်ရေး အတွက် ဆက်လက် အားထုတ်ကြိုးပမ်းကြပြီး Belt and Road တလျှောက်ရှိ နိုင်ငံများမှ ပြည်သူများ အတွက် ချမ်းမြေ့သာယာမှု ဖန်တီးပေးရေး အတွက် အာမခံပေးကြမည် ဖြစ်ကြောင်း မကြာခင်က ပီကင်းတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

 

   Webradio