• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါလက်စတိုင်းနှင့်အစ္စရေးအမျိုးသမီး ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့ ပန်ကြားရန် ဆန္ဒပြ

(GMT+08:00) 2017-10-09 14:30:55

ပါလက်စတိုင်းနိုင်ငံနှင့်အစ္စရေးနိုင်ငံမှအမျိုးသမီးထောင်ပေါင်းများစွာသည် နှစ်ဘက်တို့ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဖို့ အစ္စရေးနိုင်ငံက ပါလက်စတိုင်းနိုင်ငံတွင် သိမ်းပိုက်ခြင်းပြီးဆုံးရန် ပန်ကြားပြီး ယခုလ ၈ ရက်နေ့က ဂျော်ဒန်မြစ်အနောက်ဘက် ကျယ်ရီကိုမြို့တွင် ဆန္ဒပွဲကျင်းပခဲ့ကြကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ပါလက်စတိုင်းနှင့်အစ္စရေးနှစ်နိုင်ငံတို့သည် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ၃ နှစ်ကြာ အဆက်ပြတ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်ကျင်းပသော်လည်း နှစ်ဘက်တို့သည် ဂျူးလူမျိုးခြေစိုက်စခန်းတည်ဆောက်ခြင်းဆိုင်ရာ သဘောကွဲလွဲမှုများစွာရှိခြင်းကြောင့် ၂၀၁၄ ခုနှစ် ပြီလတွင်ပြန်လည်အဆက်ပြတ်ပြီး ယခုအချိန်အထိ ပြန်မကျင်းပနိုင်သေးကြောင်းသိရပါသည်။

   Webradio