• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပထမဆုံးအကြိမ် ယောဂီပညာမဟာဘွဲ့ကျောင်းသား စတင်ခေါ်ယူ

(GMT+08:00) 2017-10-09 14:30:23

တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ် ယောဂီပညာမဟာဘွဲ့ကျောင်းသားစတင်ခေါ်ယူ မည်ဖြစ်ပြီးယခုနှစ် အောက်တိုဘာလပိုင်းတွင် စတင်နာမည်စာရင်းတင်သွင်းမည်ဟု ယခုလ ၈ ရက်နေ့က ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်မှ သတင်းကို ကိုးကားပြီး တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်နှင့် အိန္ဒိယဗီဗေကာနန်သာယောဂီတက္ကသိုလ်တို့ပူးတွဲတည်ထောင်သော အမျိုးသားရိုးရာ အားကစား ပညာရပ် ယောဂီပညာမဟာဘွဲ့ကျောင်းသား ပညာရေးလုပ်ငန်းသည် တရုတ်ပညာရေးဝန်ကြီးဌာန၏ စစ်ဆေးအတည်ပြုခြင်းကို အောင်မြင်စွာရရှိပြီး ယင်းသည် တရုတ်နိုင်ငံပထမဆုံးသော ယောဂီပညာမဟာဘွဲ့အပ်နှင်း သောနေရာဖြစ်ကြောင်း သိရပါသည်။

   Webradio