• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံ ရေတပ်သင်္ဘောစုသည် ထိုင်းနိုင်ငံခရီးစဉ် ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

(GMT+08:00) 2017-10-09 13:20:28

ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့က တရုတ် ရေတပ် သင်္ဘောစုသည် ထိုင်းနိုင်ငံတွင် ခရီးစဉ်ပြီးဆုံး၍ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

၎င်းသင်္ဘောစုတပ်မှူး Shen Hao သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး Prawit Wongsuwan နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ Prawit Wongsuwan မှ တရုတ်သင်္ဘောစု၏ ခရီးလှည့်လည်ခြင်းအပေါ် လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း၊ ထိုင်းနှင့် တရုတ်နှစ်နိုင်ငံ တပ်မတော်များ၊ အထူးသဖြင့် ရေတပ်များအကြား ချစ်ကြည်ရေး ဆက်ဆံမှုကို အချိန်ကြာရှည်စွာထားရှိ၍ နှစ်ဖက်ထပ်တိုး ပူးပေါင်းဖလှယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့က တရုတ်နိုင်ငံ ရေတပ် သင်္ဘောစုသည် ထိုင်းနိုင်ငံ Sattahip ဆိပ်ကမ်းမှ တရုတ်ပြည်သို့ ထွက်ခွာခဲ့ပါသည်။ ဒီလိုနဲ့ တရုတ်ရေတပ် သင်္ဘောစုသည် အာရှတိုက်၊ အာဖရိကတိုက်နှင့် ဥရောပတိုက် တိုက်ကြီးသုံးတိုက်မှ နိုင်ငံ ၂၀တွင် ခရီးစဉ်သည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။

   Webradio