• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ ပထမဆုံးအကြိမ် ကမ္ဘာလှည့် ပင်လယ်သမုဒ္ဒရာ အထွေထွေ သိပ္ပံနည်းပညာ စူးစမ်းလေ့လာရေးအဖွဲ့ အတ္တလန္တိတ်သမုဒ္ဒရာသို့ ထွက်ခွာ

(GMT+08:00) 2017-10-09 10:45:40

        တရုတ်ပြည်၏ ပထမဆုံးအကြိမ် ကမ္ဘာလှည့် ပင်လယ်သမုဒ္ဒရာ အထွေထွေ သိပ္ပံနည်းပညာ စူးစမ်းလေ့လာရေးခရီးစဉ်တာဝန် ထမ်းဆောင်နေသော လျှန့်ယန်ဟုန် အမှတ် ၁ သင်္ဘောသည် ယခုလ ၈ ရက်နေ့က တောင်အာဖရိကနိုင်ငံ ကိတ်တောင်းဆိပ်ကမ်းမှ အတ္တလန္တိတ်သမုဒ္ဒရာသို့ ထွက်ခွာခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        အတ္တလန္တိတ်သမုဒ္ဒရာသည် ကမ္ဘာလှည့် ပင်လယ်သမုဒ္ဒရာ အထွေထွေ သိပ္ပံနည်းပညာ စူးစမ်းလေ့လာရေးခရီးစဉ်၏ ဒုတိယနှင့် တတိယအဆင့်ဖြစ်ကြောင်း၊ လျှန့်ယန်ဟုန် အမှတ် ၁ သင်္ဘောသည် တောင်အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်းတွင် ပင်လယ်သမုဒ္ဒရာ ဘူမိအခြေအနေ၊ အဏ္ဏဝါဇီဝလက္ခဏာ၊ ပင်လယ်ရေစီးကြောင်း၊ ပင်လယ်သမုဒ္ဒရာ ရာသီဥတုအခြေအနေနှင့် ပင်လယ်ရေ ဓာတုဗေဒ စသည်တို့ကို အထွေထွေ စူးစမ်းလေ့လာ သုတေသနပြုရန် စီစဉ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio