• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မကာအိုတွင် ၂၀၁၇ သိပံ္ပနည်းပညာ သီတင်းပတ်နှင့် တရုတ် အမျိုးသား ယဉ်ကျေးမှုနှင့် သိပံ္ပ ဆန်းသစ်ရေး ပြပွဲ ကျင်းပမည်

(GMT+08:00) 2017-10-08 14:22:46

တစ်နှစ် တစ်ကြိမ် ကျင်းပနေသော ၂၀၁၇ ခုနှစ် သိပံ္ပနည်းပညာ သီတင်းပတ်နှင့် တရုတ် အမျိုးသား ယဉ်ကျေးမှုနှင့် သိပံ္ပပညာ ဆန်းသစ်တီထွင်ရေး ပြပွဲကို ယခုလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တရုတ်ပြည် မကာအို အထူးအုပ်ချုပ်ရေးဒေသ၌ ကျင်းပမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ၂၀၁၇ ခုနှစ် သိပံ္ပနည်းပညာ သီတင်းပတ်၏ ဆောင်ပုဒ်သည် အင်တယ်လစ်ဂျင် ခရီးထွက်ခြင်း၊ အရည်အသွေး ကောင်းမွန်သော နေထိုင်မှုဘဝကို အတူ မျှဝေခံစားခြင်း ဖြစ်ပြီး တရုတ် အမျိုးသား ယဉ်ကျေးမှုနှင့် သိပံ္ပပညာ ဆန်းသစ်တီထွင်ရေး ပြပွဲတွင် သိပံ္ပနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု အောင်ကျိုးရလဒ်များကို ခင်းကျင်းပြသမည် ဖြစ်ကြောင်း သိရပါသည်။

   Webradio