• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ငါးဖမ်းသင်္ဘော တိမ်းမှောက်မှုတွင် သေဆုံးသူ ရုပ်အလောင်းများ တရုတ်သို့ ပြန်ပို့

(GMT+08:00) 2017-10-08 14:22:05

ငါးဖမ်းသင်္ဘော တိမ်းမှောက်မှုတွင် သေဆုံးသူ ရုပ်အလောင်းများကို တင်ဆောင် ထားသော တရုတ် ငါးဖမ်းသင်္ဘောသည် ယခုလ ၇ ရက်နေ့က တရုတ်ပြည်သို့ ပြန်လည် ခရီးထွက်ခွါလာပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ် ငါးဖမ်းသင်္ဘော လူရုံယွမ်ယူ အမှတ် ၃၇၈ သည် ၅ ရက်နေ့ နံနက် လင်းအားကြီး အချိန်တွင် ဂျပန်နိုင်ငံ ရှီမာနေ ခရိုင် မြောက်ပိုင်း ကီလိုမီတာ ၄၀၀ ခန့် အကွာ၌ ဟောင်ကောင်မှ ရေနံတင် သင်္ဘော တစ်စင်းနှင့် တိုက်မိသဖြင့် တိမ်းမှောက်ခြင်း ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio