• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆော်ဒီအား သာဒ် ဒုံးဖျက်စနစ် ရောင်းချရန် ကန် ခွင့်ပြု

(GMT+08:00) 2017-10-08 14:21:38

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ကာကွယ်ရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနသည် ယခုလ ၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး၊ ဆော်ဒီအရေးဗျ နိုင်ငံအား စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရှိ သာဒ် ဒုံးဖျက်စနစ်နှင့် သက်ဆိုင်ရာ စက်ကိရိယာ အဆောက်အအုံများကို ရောင်းချရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ခွင့်ပြုပြီ ဖြစ်ကြောင်း ဖေါ်ပြ ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုနှစ် မေလတွင် အမေရိကန် သမ္မတ ထရန့်သည် ဆော်ဒီအရေးဗျ၌ ခရီး လှည့်လည်စဉ် အတွင်း နှစ်နိုင်ငံတို့သည် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁၀ တန်ဖိုးရှိ လက်နက် ရောင်းချရေး စာချုပ်ကို ချုပ်ဆို ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio