• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကယ်ဆယ်ရေးပစ္စည်းများ ဘင်္ဂလားဒေ့ရှ် မြန်မာ ဒုက္ခသည်များ အခြေချစခန်းသို့ ပို့ဆောင်

(GMT+08:00) 2017-10-08 14:20:37

တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံအား ထောက်ပံ့ကူညီပေးသော အရေးပေါ် လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေးပစ္စည်းများကို မကြာမီက ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်း ကော့ခ်စ်ဘာဇာမြို့သို့ ပို့ဆောင်ပြီ ဖြစ်ပြီး မြန်မာ ဒုက္ခသည်များအား လွှဲပြောင်းပေးရေး လုပ်ငန်း အစိတ်အပိုင်းကိုလည်း ပြီးမြောက်အောင် လုပ်ဆောင်ပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လွန်ခဲ့သည့်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် တရုတ်ပြည်မှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသော စင်းလုံးငှါးလေယာဉ် နှစ်စင်းသည် ဘင်္ဂလားဒေ့ရှ်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိခဲ့ကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများတွင် တဲအိမ် ၂၀၀၀ နှင့် စောင် ၃၀၀၀ ပါဝင်ကြောင်း သတင်းရရှိပါသည်။

   Webradio