• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ထိုင်း ရေတပ် ပင်လယ် ပူးတွဲ လေ့ကျင့်မှု ပြုလုပ်

(GMT+08:00) 2017-10-08 14:20:14

တရုတ် ရေတပ် သင်္ဘောအုပ်စုသည် ဒေသစံတော်ချိန် ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေး ခရီးစဉ် ပြီးဆုံးပြီ ဖြစ်၍ တရုတ်ပြည်သို့ ပြန်လည် ခရီး ထွက်ခွါလာပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရုတ် ရေတပ် သင်္ဘောအုပ်စုသည် အာရှ၊ အာဖရိကနှင့် ဥရောပ နိုင်ငံ ၂၀ ၌ ခရီးဝေး လှည့်လည်ခြင်း ချောမော အောင်မြင်စွာ ပြီးဆုံးပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ် ရေတပ် သင်္ဘောအုပ်စုသည် ထိုင်းနိုင်ငံ ဆာနာဟစ် ဆိပ်ကမ်းသို့ ထွက်ခွါ ခဲ့ပြီးနောက် ထိုင်း ပင်လယ်ကွေ့၌ ထိုင်းနိုင်ငံ ရေတပ်နှင့် ပင်လယ်ပြင် ပူးတွဲ လေ့ကျင့်မှုလည်း ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

   Webradio