• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသမဂ္ဂသည် ပင်လယ် ညစ်ညမ်းမှု ပြုပြင်ရန် ယူရိုငွေ သန်း ၅၅၀ ထုတ်ပေးမည်

(GMT+08:00) 2017-10-07 10:45:05

    ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒ ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် မိုကေရီနီက၊ ဥရောပသမဂ္ဂသည် ပင်လယ် ညစ်ညမ်းမှု ပြုပြင်ရန်အတွက် ယူရိုငွေ သန်း ၅၅၀ ထုတ်ပေးမည် ဖြစ်ပြီး ဆောင်ရွက်မှု ၃၆ ရပ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း ယခုလ ၅ ရက်နေ့က မာရ်တာ၌ ကျင်းပသော စတုတ္ထ အကြိမ်မြောက် တို့ပင်လယ် ဆောင်ပုဒ် ဖြစ်သည့် နိုင်ငံတကာ အစည်းအဝေးတွင် ထုတ်ပြန် ကြေညာခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၁၀၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio