• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ဆူဒန်အား စီးပွါးရေး အရေးယူ ပိတ်ဆို့မှု ဖျက်သိမ်း

(GMT+08:00) 2017-10-07 10:44:42

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက၊ ဆူဒန် နိုင်ငံသည် ကဏ္ဍများစွာ၌ အပြုသဘော ဆောင်သော ဆောင်ရွက်မှုများ ဆက်တိုက် ပြုလုပ်သဖြင့် အမေရိကန်သည် ဆူဒန်အား စီးပွါးရေး အရေးယူ ပိတ်ဆို့မှုကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ဆူဒန် အစိုးရသည် ယခုလ ၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး အမေရိကန် အစိုးရက ဆူဒန်အား အရေးယူ ပိတ်ဆို့မှု ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဖေါ်ပြသည်ဟု သတင်းရရှိပါသည်။

အမေရိကန် အစိုးရသည် ၁၉၉၃ ခုနှစ်တွင် ဆူဒန်နိုင်ငံအား အကြမ်းဖက်မှုကို ထောက်ခံသော နိုင်ငံများ အမည်စာရင်းတွင် ထည့်သွင်းခဲ့ပြီး ၁၉၉၆ ခုနစ်ကစပြီး ဆူဒန်အား စီးပွါးရေး အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio