• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန် နျူကလီးယားစာချုပ်ကို ထပ်လောင်း တိုင်ပင်ဆွေးနွေးနိုင်ဖွယ်ရာ မရှိဟု ဟာလေဟီ ဆို

(GMT+08:00) 2017-10-06 09:42:02

အီရန် သတင်း ရုပ်မြင်သံကြားဌာနမှသတင်းအရ၊ အီရန် ယခင် အနုမြူစွမ်းအင်အဖွဲ့ ဥက္ကဋ္ဌ ဟာလေဟီက၊ အီရန် နျူကလီးယားဆိုင်ရာ သဘောတူစာချုပ်ကို ထပ်လောင်း တိုင်ပင်ဆွေးနွေးနိုင်ဖွယ်ရာ မရှိကြောင်း ယခုလ ၅ ရက်နေ့က မီဒီယာများအား ထုတ်ဖေါ်ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဟာလေဟီသည် ရောမမြို့၌ ကျင်းပသော အကြိမ် ၂၀ မြောက် နျူကလီးယား လုံခြုံမှု၊ နျူကလီးယား လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးနှင့် နျူကလီးယား မပြန့်ပွါးရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အယ်ဒွါတို အာမာလ်ဒီ ဖိုရမ် မတက်ရောက်မီတွင် ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio