• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူများ လပြည့်ပွဲတော် နွှဲပျော်

(GMT+08:00) 2017-10-05 08:45:15

ယခုလ ၄ ရက်နေ့သည် တရုတ် ရိုးရာ လပြည့်ပွဲတော်နေ့ ဖြစ်သည်။ ယနေ့ လပြည့်ပွဲတော်နေ့သည် တရုတ် အမျိုးသားနေ့ ရုံးပိတ်ရက်ရှည် ကြားထဲ၌ ရှိသဖြင့် မိသားစုများစွာတို့သည် ခရီးသွားခြင်းကို ရွေးချယ်ကြသည်။ ယခုလ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ တစ်ပြည်လုံးတွင် စုစုပေါင်း လူ ၃၄၆ သန်းခန့်သည် ပြည်တွင်းပြည်ပ ရှုခင်းသာ နေရာများသို့ ခရီးသွားကြပါသည်။

သက်ဆိုင်ရာစာရင်းအရ၊ ယခုနှစ် အမျိုးသားနေ့နှင့် လပြည့်ပွဲတော်နေ့ အတောအတွင်း တရုတ် ခရီးသည်များသည် ကမ္ဘာ့ နိုင်ငံနှင့်ဒေသ ၈၈ ခုမှ မြို့ ၁၁၅၅ ခုကို ခရီးသွားမည် ဖြစ်ပြီး ယင်းဂဏန်းသည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၂၉ ရာခိုင်နှုန်းခန့် တိုးသွားမည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio