• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါလက်စတိုင်း ကျေအေးရေးအစိုးရသည် ဂါဇာဒေသ၌ အာဏာ ကျင့်သုံး

(GMT+08:00) 2017-10-04 09:44:15

ပါလက်စတိုင်း ကျေအေးရေးအစိုးရသည် ယခုလ ၃ ရက်နေ့က ဂါဇာ ဝန်ကြီးချုပ်ရုံး၌ အစိုးရ ပုံမှန် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ ယင်းသည် သုံးနှစ်အတွင်း ပါလက်စတိုင်း အစိုးရက ပထမဆုံးအကြိမ် ဂါဇာဒေသ၌ အစိုးရ အစည်းအဝေး ကျင်းပခြင်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ပါလက်စတိုင်း ကျေအေးရေးအစိုးရ ဝန်ကြီးချုပ် ရာမီသည် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး အစိုးရ ဝန်ကြီးများသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

ရာမီက၊ ပါလက်စတိုင်း အစိုးရသည် သမ္မတ အာဘာ့စ်၏ မှာကြားချက်ကို လက်ခံ ရရှိပြီ ဖြစ်ပြီး ဂါဇာဒေသ၌ အစိုးရအာဏာကို ဘက်စုံ ထိရောက်စွာ ကျင့်သုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရာမီသည် အီဂျစ်နိုင်ငံ၏ ပါလက်စတိုင်း အတွင်းပိုင်း ကျေအေးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ချီးကျူးခဲ့ကြောင်း သိရပါသည်။

   Webradio