• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် သေနတ်ပစ်ခတ်မှု ၅၉ ဦး သေဆုံး ၅၁၅ ဦး ဒဏ်ရာ ရရှိ

(GMT+08:00) 2017-10-03 08:57:56

အမေရိကန်နိုင်ငံ အနောက်ပိုင်း လာစ်ဗေဂါစ်မြို့ ရဲဘက်က၊ ဒေသစံတော်ချိန် ၁ ရက်နေ့ညက လာစ်ဗေဂါစ်မြို့၌ ဖြစ်ပွါးခဲ့သော သေနတ် ပစ်ခတ်မှုတွင် သေဆုံးသူ ဦးရေမှာ ၅၉ ဦး အထိ တိုးလာပြီ ဖြစ်ပြီး လူ ၅၁၅ ဦး ဒဏ်ရာ ရရှိပြီ ဖြစ်ကြောင်း ယခုလ ၂ ရက်နေ့က ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းသည် အမေရိကန် ခေတ်နီးပိုင်းတွင် သေကြေဒဏ်ရာ ရရှိမှု အပြင်းထန် ဆုံးဝါးဆုံးသော သေနတ်ပစ်ခတ်မှု ဖြစ်ကြောင်း သိရပါသည်။

အမေရိကန် သမ္မတ ထရန့်သည် ၂ ရက်နေ့က မိန့်ခွန်း ပြောကြားပြီး ယင်း သေနတ် ပစ်ခတ်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂ ရက်နေ့က အမေရိကန် သမ္မတ ထရန့်အား ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio