• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
တရုတ်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်တွင်စတင်ကျင်းပ
(GMT+08:00) 2017-10-02 17:17:21
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူး ကျင်းပသည့် တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင် နေပြည်တော်ရှိ အောင်သပြေ ရုပ်ရှင်ရုံ၌ စတင် ကျင်းပပြုလုပ်ခဲ့သည်။
တရုတ် ရုပ်ရှင် ပွဲတော်တွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အကြောင်း တင်ဆက် ရိုက်ကူးထားသည့်  Xuan Zang  အမည်ရှိ ရုပ်ရှင် ဇာတ်ကား နှင့် ကွန်ဖူး ဟာသ ဇတ်ကား ဖြစ်သည့် ကွန်ဖူး ယောဂ အမည်ရှိ ရုပ်ရှင် ဇာတ်ကား ၂ ကားအား မြန်မာ ဘာသာ စကား နောက်ခံဖြင့်  အောက်တိုဘာလ ၁ ရက် မှ ၈ ရက် အထိ နေပြည်တော် အောင်သပြေရုပ်ရှင်ရုံနှင့် ရန်ကုန် မြို့  နေပြည်တော် ရုပ်ရှင်ရုံတို့ ၌ အခမဲ့ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ပွဲတော် ကျင်းပခြင်း အားဖြင့် ရေမြေခြင်း ဆက်စပ် နေသည့် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည့် မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ အကြားတွင် ကာလ ရှည်ကြာ တည်ရှိခဲ့သည့် ဆွေမျိုး ပေါက်ဖော် ရင်းနှီး ချစ်ကြည်မှု ၊ အပြန်အလှန် နားလည်မှု နှင့် လေးစားမှု တို့ ကို အခြေခံသည့် ကောင်းမွန်သော ပြည်သူ အချင်းချင်း ထိတွေ့ ဆက်ဆံမှုတို့ အပြင် အဖွဲ့ အစည်း အချင်းချင်း ဆက်သွယ်မှုများလည်း ပိုမို တိုးတက် ကောင်းမွန် လာနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
      ထို့ အတူ တရုတ်ရုပ်ရှင် ပွဲတော်အား ကောင်းမွန်သည့် အစဉ်အလာ တစ်ရပ် အဖြစ် ထိန်းသိမ်းပြီး နောင်လာမည့် နှစ်များတွင် ပို၍ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ပါစေကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု သည်လည်း ယခုထက် ပိုမို တိုးတက် ခိုင်မြဲပြီး အဓွန့် ရှည် တည်တံ့ပါစေဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်က ဆုမွန်ကောင်း တောင်းပေး ခဲ့သည်။
တရုတ် ရုပ်ရှင် ပွဲတော်သည် တရုတ်-မြန်မာ ရုပ်ရှင် နှင့် တီဗွီ ဇာတ်လမ်းတွဲ ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး အတွက် အခွင့်အလမ်းသစ် အဖြစ်နှင့် နှစ်နိုင်ငံ ရုပ်ရှင် နှင့် တီဗွီ ဇာတ်လမ်းတွဲ ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေးကို တစ်ဆင့်တက် တိုးမြှင့်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ သံယောဇဉ်ကို တစ်ဆင့်တက် မြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။ 
တရုတ်ရုပ်ရှင်ပွဲတော် သံတမန် ဖြစ်သူ မိုးစက်ဝိုင်က ယခု အစီအစဉ်တွင် ပါဝင်ရသည့် အတွက် အလွန် ၀မ်းသာပါကြောင်း ၊ ပွဲတော် ကျင်းပသည့် အတွက် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှု နှင့် ပတ်ဝန်းကျင် ရှုခင်းများအား လေ့လာ ခံစားရနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ရုပ်ရှင်ပွဲတော်တွင် ပြသမည့် Xuan Zang ဇာတ်ကား၌ တရုတ်ရုပ်ရှင်ပွဲတော် သံတမန် 2013 Miss Universe Myanmar မိုးစက်ဝိုင်မှ ပါဝင် နောက်ခံစကားပြော အသံသွင်းထားကြောင်း သိရသည်။မိုးစက်ဝိုင်က "ကျွန်မ ငယ်ငယ်ကတည်းက တရုတ်ကားကို အမြဲကြည့်ပါတယ်။ တရုတ် ရုပ်ရှင် ပွဲတော်မှာ ပါဝင်ရတဲ့ အတွက် ကိုယ်လည် သဘောကျတယ်။ ကြည့်လဲ ကြည့်ချင်တယ်။ Xuan Zang ဇာတ်ကားက ဗုဒ္ဓဘာသာ အကြောင်း အခြေခံတဲ့ ရုပ်ရှင် ဇာတ်ကားလည်းဖြစ်တဲ့ အတွက် မြန်မာပြည်က လူတွေ နှစ်သက်မယ်လို့ ထင်ပါတယ်။"ဟု သတင်းမီဒီယာများ နှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
အခုအကြိမ်တရုတ်ရုပ်ရှင်ပွဲတော်မှာ ပြသသည့် တရုတ်ရုပ်ရှင်နှစ်ကားကို စီအာအိုင် China Radio International က ရန်ကုန်မှာ တည်ထောင် ထားသည့် "တရုတ်-မြန်မာ ရုပ်ရှင်နဲ့တီဗွီဇာတ်လမ်းတွဲ ဘာသာပြန် ထုတ်လုပ်ရေးစခန်း"မှ ဘာသာပြန်နောက်ခံစကားပြော အဖြစ် ထုတ်လုပ်ခြင်း ဖြစ်ပါသည်။
   Webradio