• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံအချို့မှ ကွန်ဖြူးရှပ် စာသင်ကျောင်းများ "ကွန်ဖြူးရှပ် စာသင်ကျောင်းနေ့" လှုပ်ရှားမှုများ ပြုလုပ်

(GMT+08:00) 2017-10-02 12:28:08

မကြာခင်ရက်များက မြန်မာ၊ လတ်ဗီးယား၊ ဘူလ်ဂေးရီးယားနှင့် စလိုဗေးနိးယား အပါအဝင် နိုင်ငံများမှ ကွန်ဖြူးရှပ် စာသင်ကျောင်းများသည် "ကွန်ဖြူးရှပ် စာသင်ကျောင်း နေ့"ကို ဂုဏ်ပြုသည့် အနေဖြင့်၊ တရုတ် ယဉ်ကျေးမှုကို ပြန့်ပွားစေရန် လှုပ်ရှားမှု မျိုးစုံ ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

"ကွန်ဖြူးရှပ် စာသင်ကျောင်းနေ့"ကို ၂၀၁၄ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့က ကွန်ဖြူးရှပ် စာသင်ကျောင်း တည်ထောင်ခဲ့သည့် ၁၀နှစ် ပြည့်မြောက်ခြင်း အတွက် သတ်မှတ်ထားသည့် အထိမ်းအမှတ်ပြု လှုပ်ရှားမှု ဖြစ်ကြောင်း သိရသည်။

   Webradio