• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၆၈နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် ပြုသည့်အနေဖြင့် ဟောင်ကောင် အလံတော် လွှင့်ထူပွဲ ကျင်းပ

(GMT+08:00) 2017-10-02 12:25:59
      တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် ၆၈နှစ် ပြည့်မြောက်ခြင်းကို အထိမ်း အမှတ်ပြုသည့်အနေဖြင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရသည် အောက်တို ဘာလ ၁ရက်နေ့ နံနက်ပိုင်းက ကျင်းဇီကျင်း ရင်ပြင်တွင် အလံတော် လွှင့်ထူပွဲကို ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုဥက္ကဋ္ဌ တုန်ကျန့်ဟွာနှင့် လျန်ကျင့်ယင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ အုပ်ချုပ်ရေးမှူး Carrie Lam Cheng Yuet-ngor၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ ဆိုင်ရာ ဗဟို အစိုးရ ဆက်သွယ်ရေးရုံး ဥက္ကဋ္ဌ ဝမ်ကြည့်မင် အပါအဝင် အရာရှိများ၊ ဟောင်ကောင် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ် ၂၄၀၀ကျော်သည် အလံတော် လွှင့်ထူးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

   Webradio