• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ နိုင်ငံခြားပညာရှင်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-10-01 15:52:52

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ၂၀၁၇ခုနှစ် တရုတ်အစိုးရ ချစ်ကြည်ရေးဆုကို ရရှိခဲ့သည့် နိုင်ငံခြားပညာရှင်များနှင့် ၄င်းတို့၏ မိသားစုများအား  ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ လီခေ့ချန်က၊ ဆုရနိုင်ငံခြားပညာရှင်များအား ထောပနာ ပြုကြောင်းဖော်ပြသည့်အပြင်၊ တရုတ်ပြည်နှင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေးတွင် နိုင်ငံခြားပညာရှင်များ၏ အားထုတ်ကြိုးပမ်းမှုများအပေါ် တန်ဖိုးထားချီးကျူးပါကြောင်း လည်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio