• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-10-01 15:52:04

တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ပီကင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ယန်ကျယ်ချီက၊ လက်ရှိတရုတ်-အမေရိကန်ဆက်ဆံမှု သည်၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့သည်၊ ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံပြီး၊ သမိုင်းကာလသစ်အတွင်း တရုတ်-အမေရိကန်ဆက်ဆံမှု ဖြွုံ့ဖိုးတိုးတက်ရေးအတွက် မဟာဗျူဟာဦးဆောင်မှုကဏ္ဍမှ ပါဝင်ခဲ့ပြီဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နှစ်ဦးနှစ်ဖက်တို့သည်၊ ကိုးရီးယားကျွန်းဆွယ်အခြေအနေနှင့် အခြားအတူတကွအရေး ထားကြသည့် ပြဿနာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု သတင်း အရသိရသည်။

 

   Webradio