• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-10-01 15:51:47

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ စက်တင်ဘာလ ၃၀ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး     Rex Tillerson နှင့် ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ရှီကျင့်ဖိန်က၊ လက်ရှိတရုတ်-အမေရိကန်ဆက်ဆံမှု သည်၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ လာမည့် နိုဝင်ဘာလတွင် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ပြည်သို့ တရားဝင်ခရီးလှည့်လည်မည်ဖြစ်ပြီး၊ ယင်းအပေါ် တရုတ်ပြည်အနေနှင့်၊ အလွန်အရေးထားကြောင်း ပြောကြားခဲ့သည်။

   Rex Tillerson ကလည်း၊ အမေရိကန်အနေနှင့်၊ တရုတ်နှင့်ဆက်ဆံမှုဖွံ့ဖြိုးတိုးတက်ရေး အပေါ် အလွန်အလေးထားပြီး၊ တရုတ်ပြည်နှင့်အတူ၊ အပြန်အလှန်ယုံကြည်မှု၊ ကူးလူး ဖလှယ်မှုနှင့် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် အားဖြည့်ပြုလုပ်သွားလို ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio