• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘုံဘေမြို့တွင်ဖြစ်ပွားသည့် လူအုပ်ပြိုကျမှုတွင် လူ ၂၂ ဦးထက်မနည်း သေဆုံး

(GMT+08:00) 2017-09-30 15:18:14

ယခုလ ၂၉ရက်နေ့က အိန္ဒိယနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သော ဘုံဘေမြို့တွင် လူအုပ်ပြိုကျမှု ဖြစ်ပွားရာ လူ ၂၂ ဦးသေဆုံး၍ ၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ဘုံဘေမြို့တွင် ရုတ်တရက် မိုးရွာသဖြင့် ရထားစောင့်ဆိုင်းနေရသော ခရီးသည်များသည် ဘူတာရုံအနီးရှိ ကုန်းကျော်တံတားသို့ မိုးခိုရန် သွားကြခဲ့ရာ ရုံးတက်ချိန် ဖြစ်သောကြောင့် ကုန်းကျော်တံတားပေါ်တွင် လူများမတန်တဆရှိ၍ လူအုပ်ပြိုကျမှု  ဖြစ်ပွားကြောင်း သိရပါသည်။

   Webradio