• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမဆုံး အကြိမ် တရုတ်-အမေရိကန် လူမှုရေးနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲသည် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူမှုရေးနှင့် ပြည်သူ့ဆိုင်ရာ အခြေခံ အုတ်မြစ် ချမှတ်ပေး

(GMT+08:00) 2017-09-30 15:10:14

တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းနှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တီလာစွန်တို့ ပူးတွဲ ကြီးမှူးကျင်းပသော ပထမဆုံး အကြိမ် တရုတ်-အမေရိကန် လူမှုရေးနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကို ယခုလ ၂၈ရက်နေ့က အမေရိကန် နိုင်ငံ ဝါရှင်တန်မြို့တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ နှီးနှောဖလှယ်ပွဲ အပြီးတွင် နှစ်ဖက်တို့သည် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထို့အပြင်၊ နှစ်ဖက်တို့သည် ပထမဆုံး အကြိမ် တရုတ်-အမေရိကန် လူမှုရေးနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ ဆောင်ရွက်ရေး စီမံကိန်းကို အတည်ပြု ပြဌာန်းမည် ဖြစ်ပြီး သက်ဆိုင်ရာ အသေးစိတ် အောင်မြင်မှု ၁၃၀ကျော်ကို လက်တွေ့ဖော်ဆောင်ကြမည် ဖြစ်ကြောင်းလည်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းက ၂၈ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တီလာစွန်နှင့် နှီးနှောဖလှယ်ပွဲ ကျင်းပပြီး တရုတ်-အမေရိကန် လူငယ် ကိုယ်စားလှယ်များ နှီးနှောဖလှယ်ပွဲ လှုပ်ရှားမှုသို့ တက်ရောက်စဉ် မိန့်ခွန်းပြောကြားရာ၌ ယခုအကြိမ် တရုတ်-အမေရိကန် လူမှုရေးနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲတွင် အောင်မြင်မှု အပြည့်အဝ ရရှိကြောင်း၊ နှစ်ဖက်တို့သည် "လာမည့် နှစ်ပေါင်း၅၀ အတွင်း  တရုတ်- အမေရိကန် ဆက်ဆံရေး- အပြန်အလှန် သိရှိနားလည်ရေးနှင့် အတူမျှဝေခံစားရေး" ဟူသော ခေါင်းစဉ်ဖြင့် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် လူမှုရေး ကူးလူးဖလှယ်မှုနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ပြီး အရေးကြီး သဘောတူညီမှုများ ရရှိကာ တရုတ်-အမေရိကန် ဆက်ဆံရေး ရေရှည် တည်ဆောက်ရေးနှင့် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခိုင်မာသော လူမှုရေးနှင့် ပြည်သူ့ဆိုင်ရာ အခြေခံ အုတ်မြစ်ကို ချမှတ်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio