• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ လက်လီရောင်းချရေး ပမာဏ အကြီးဆုံး နိုင်ငံ တရုတ်ပြည် ဖြစ်လာ

(GMT+08:00) 2017-09-29 18:06:36

မကြာခင်နှစ်များက အွန်လိုင်းကုန်သွယ်မှု မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ တရုတ် အင်တာနက် လက်လီရောင်းချရေး ပမာဏသည် တဟုန်ထိုး တိုးပွားလာပြီး ကမ္ဘာ့ ပေါ်တွင် လက်လီရောင်းချမှု ပမာဏ အကြီးဆုံး နိုင်ငံ ဖြစ်လာကြောင်း၊ ထို့အပြင်၊ တရုတ်ပြည်သည် ၈နှစ်ဆက်တိုက် ကမ္ဘာ့ ကုန်ပစ္စည်း ပို့ကုန် ပမာဏ အများဆုံးနှင့် ကုန်ပစ္စည်း သွင်းကုန် ပမာဏ ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေးနှင့် ကုန်သွယ်ရေး နာလန်ပြန်ထူလာခြင်း အတွက် ကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်ခဲ့ကြောင်း ယခုလ ၂၈ရက်နေ့က တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။

ထိုနေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ ကော်ဖုန်းက တရုတ်ပြည်၏ နှစ်စဉ် လက်လီချောင်းချမှု စုစုပေါင်း ပမာဏမှာ ၂၀၁၂ခုနှစ်က တရုတ် ယွမ်ငွေ ဘီလီယံ ၂၁၄၀၀ ရှိရာမှ ၂၀၁၆ခုနှစ်က ယွမ်ငွေ ဘီလီယံ ၃၃၂၀၀ ရှိသည့် အထိ တိုးလာခဲ့ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စားသုံးမှု၏ အကျိုးပြု စွမ်းဆောင်မှုနှုန်းသည် ၁၂့၈ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ၃နှစ်ဆက်တိုက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြီးဆုံး တွန်းအားပေးမှု ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio