• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်နှင့် လျူယန်တုန် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-09-29 14:12:56

        ဒေသစံတော်ချိန် ယခုလ ၂၈ ရက်နေ့က အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ထရန့်သည် ဝါရှင်တန်မြို့၌ကျင်းပနေသော ပထမအကြိမ် တရုတ်-အမေရိကန် လူမှုရေးနှင့် ယဉ်ကျေးမှု ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထိုသို့တွေ့ဆုံရာတွင် လျူယန်တုန်က သမ္မတထရန့်အား ဥက္ကဋ္ဌရှီကျင့်ဖိန်၏ နှုတ်ဆက်ခြင်းကို တစ်ဆင့်ပြောကြားပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်၏ဖိတ်ကြားချက်အရ ယခုနှစ်အတွင်း သမ္မတထရန်၏ တရုတ်ခရီးစဉ်ကို တရုတ်ဘက်က ကြိုဆိုပြီး အမေရိကန်ဘက်နှင့်အတူ ပြင်ဆင်ရေးလုပ်ငန်းကို ကောင်းမွန်အောင်မြင်စွာ ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

   Webradio