• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပန်ဒါဝက်ဝံ ၂ကောင် အင်ဒိုနီးရှားသို့ ပို့ဆောင်

(GMT+08:00) 2017-09-28 14:44:35

တရုတ် ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေးနှင့် သုတေသနစင်တာမှ "ဆိုင်ထောင်" နှင့် "ဟူချွန်း"ဟု နာမည်ပေးထားသည့် ၇နှစ်အရွယ်ရှိ ပန်ဒါဝက်ဝံ ၂ကောင်တို့ကို အင်ဒိုနီးရှား နိုင်ငံသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ၄င်းပန်ဒါဝက်ဝံ ၂ကောင်သည် အင်ဒိုနီးရှားတွင် ၁၀နှစ်ကြာ သိပ္ပံပညာ သုတေသနပြုရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း တွင် ပါဝင်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုလ ၂၇ရက်နေ့ ညနေပိုင်းက တရုတ် ပန်ဒါဝက်ဝံ ထိန်းသိမ်းကာကွယ်ရေးနှင့် သုတေသနစင်တာ ဝိုလုံ ရှင်ရှုဖိန် အခြေခံစခန်းတွင် ဝန်ထမ်းများသည် ၄င်းပန်ဒါဝက်ဝံ ၂ကောင်အတွက် ပို့ဆောင်နှုတ်ဆက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ၂၈ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဂျာကာတာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းပန်ဒါဝက်ဝံ ၂ကောင် အတွက် အင်ဒိုနီးရှား တောရိုင်းတိရိစ္ဆာန် ဥယျာဉ်တွင် ၃နှစ်ကျော် အချိန် အကုန်ခံပြီး ဧရိယာ အကျယ်အဝန်း စတုရန်း မီတာ ၄၈၀၀ရှိသည့် ပန်ဒါဝက်ဝံစခန်းကို ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

 

 

   Webradio