• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စွမ်းအင်လုံခြုံရေးအာမခံပေးနိုင်အောင် ပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အာဆီယံစွမ်းအင် ဝန်းကြီးဌာနဝန်ကြီးများအစည်းအဝေးမှ လှုံ့ဆော်တိုက်တွန်း

(GMT+08:00) 2017-09-28 13:07:37

ယခုလ ၂၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ ၃၅ ကြီမ်မြောက် အာဆီယံစွမ်းအင် ဝန်းကြီးများအစည်းအဝေး ကျင်းပရာတွင် အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Alfonso Cusi က စွမ်းအင် လုံခြုံရေး အာမခံပေးနိုင်အောင် ဒေသတွင်းနိုင်ငံများအကြား ပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လှုံ့ဆော်တိုက်တွန်းကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဖွင့်ပွဲအခမ်းအနားကျင်းပရာတွင် လက်ရှိတစ်ကမ္ဘာလုံး၏ စွမ်းအင် အခြေအနေသည် အပြောင်းလဲကြီး ပြောင်းလဲလာပြီဖြစ်ကြောင်း၊ ရိုးရိုးစွမ်းအင်အသုံးပြုခြင်းမှ စွမ်းအင်သစ် အသုံးပြုခြင်းကို  အဆက်မပြတ် ပြောင်းလဲလာကြောင်း၊ အနာဂတ်တွင် စွမ်းအင်သစ် လုပ်ငန်းများသည် အစိုးရမှ ထောက်ပံ့ကြေးများ မရှိသည့် အခြေအနေမျိုးတွင် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် ဆွဲဆောင်ပြီး ရေရှည် ဖွင့်ဖြိုးတိုးတက်နိုင်သော လုပ်ငန်းဖြစ်ရန်သည် နိုင်ငံအသီးသီး ရင်ဆိုင်နေကြသော စိန်ခေါ်မှုဖြစ်ကြောင်း Cusi မှ ပြောကြားခဲ့သည်ဟု သိရှိပါသည်။

   Webradio