• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ချီဆန်းသည်၊ ကမ္ဘောဒီးယား ဒု ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-09-27 15:18:05

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းအဖွဲ့ဝင်၊ ဗဟိုကော်မတီ စည်းမျဉ်းစည်းကမ်းကြပ်မတ်ရေးကော်မရှင် အတွင်းရေးမှူး ဝမ်ချီဆန်း သည်၊ ယခုလ ၂၆ ရက်နေ့က ပီကင်းတွင် ကမ္ဘောဒီးယားပြည်သူ့ပါတီ ဗဟိုကော်မတီ အမြဲတမ်းအဖွဲ့ဝင်၊ ဒု ဝန်ကြီးချုပ်၊ လွှတ်တော်ဆက်သွယ်ရေးနှင့် ကြီးကြပ်ရေးဝန်ကြီး   Men Sam On နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ Men Sam On က၊ တရုတ်ဆိုရှယ်လစ်အရေးတော်ပုံ တိုးတက်ဖွံ့ဖြိုးရေးနှင့် တရုတ်ကွန်မြူနစ်ပါတီတည်ဆောက်ရေး၌ ရရှိခဲ့သော အောင်မြင်မှု များအပေါ် တန်ဖိုးထားချီးကျူးကြောင်း၊ စည်းမျဉ်းစည်ကမ်းကြပ်မတ်ရေး နယ်ပယ်၌ ပိုမိုကူးလူးဖလှယ်၊ ပူးပေါင်ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။

   Webradio