• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယွီကျင့်စိန်းသည်၊ ဗီယက်နမ်နိုင်ငံတော်တပ်ပေါင်းစုဗဟိုကော်မတီ ဒု ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-09-27 15:17:03

     တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ယွီကျင့်စိန်းသည်၊ ယခုလ ၂၆ ရက်နေ့က ပီကင်း၌ အလည်အပတ်ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံတော် တပ်ပေါင်းစု ဗဟိုကော်မတီ ဒု ဥက္ကဋ္ဌ Truong Thi Ngoc Anh နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ယွီကျင့်စိန်းက၊ တရုတ်ပြည်သည်၊ ဗီယက်နမ်နှင့် ဆက်ဆံမှုအပေါ် အစဉ်တစိုက် အလေးထားကြောင်း၊ တရုတ်ပြည်အနေနှင့်၊ ဗီယက်နမ်နှင့် အတူကြိုးပမ်းပြီး၊ နှစ်နိုင်ငံဆက်ဆံမှု ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန်တွန်းအား ပေးလိုကြောင်း ပြောကြားခဲ့သည်။

Truong Thi Ngoc Anh ကလည်း၊ ဗီယက်နမ်နိုင်ငံတော်တပ်ပေါင်းစုအနေနှင့်၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး၊ နှစ်နိုင်ငံဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဆက်ဆံမှုအဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio