• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် ဗီယက်နမ်စီးပွားရေးတိုးနှုန်း ၆.၃ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း

(GMT+08:00) 2017-09-27 11:13:00

အာရှဖွံ့ဖြိုးရေးဘဏ်မှ ယခုလ၂၆ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာ၌ ၂၀၁၇ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏စီးပွားရေးတိုးနှုန်းသည် ၆.၃ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ၂၀၁၈ခုနှစ်တွင် စီးပွားရေး၆.၅ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းရခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အဆိုပါအစီရင်ခံစာအရ ယခုနှစ်ဒုတိယနှစ်ဝက်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပို့ကုန်တိုးတက်ခြင်းနှင့် နိုင်ငံတော်အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းစဉ်၏ ရင်းနှီးငွေအဆင်သင့် ဖြစ်ခြင်းစသည့်အကြောင်းရင်းများကြောင့် ဗီယက်နမ်၏ စီးပွားရေးသည် လျင်မြန်စွာ တိုးတက်မည်ဖြစ်ကြောင်းဆင်ဟွာသတင်း အရသိရပါသည်။

   Webradio