• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှင်ဇိုအာဘေး အောက်လွှတ်တော်ကို ဖျက်သိမ်းမည်

(GMT+08:00) 2017-09-26 18:53:32

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက မိမိသည် ယခုလ ၂၈ရက်နေ့တွင် ယာယီ လွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပြီး အောက်လွှတ်တော်ကို ဖျက်သိမ်းကာ အထွေထွေ ရွေးကောက်ပွဲကို မူလလျာထားချိန်ထက် ပိုစော၍ ကျင်းပမည်ဟု ကြေညာ ကြောင်းဆင်ဟွာ သတင်းအရ သိရသည်။

ရှင်ဇိုအာဘေးက အောက်လွှတ်တော် ဖျက်သိမ်းခြင်း၏ ရည်ရွယ်ချက်မှာ "တိုင်းပြည် ရင်ဆိုင်နေရသည့် ဘေးဒုက္ခ"ကို ကျော်လွှားရန် ဖြစ်ကြောင်း ပြောကြားသော်လည်း အကဲခတ်များကတော့ ရှင်ဇိုအာဘေး၏ ရည်ရွယ်ချက်မှာ သတင်းဆိုးတွင် ၄င်း၏ပါဝင်ခြင်း အပေါ် အာဏာလက်မဲ့ပါတီများမှ အရေးယူခြင်းကို ရှောင်ရှားရန်နှင့် ရှင်ဇို အာဘေး အာဏာပိုင်ကို အတင်းအကျပ် သက်တမ်း တိုးမြှင့်ရန်ပင် ဖြစ်ကြောင်း ယူဆကြသည်။

ပညာရှင် အချို့က ရှင်ဇိုအာဘေး အစိုးရ ဆက်လက် အာဏာကျင့်သုံး နိုင်ဖွယ်ရာ များစွာ ရှိသော်လည်း အာဏာလက်မဲ့ ပါတီများ၏ ဆောင်ရွက်မှုများသည် ယခုအကြိမ် ရွေးကောက်ပွဲကို မရေမရာ ဖြစ်မှုများ ဆောင်ကြဉ်းလာနိုင်ဖွယ်ရာ ရှိကြောင်းလည်း ပြောကြားသည်။

   Webradio