• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျန်းကောလိနှင့် ရုရှားနိုင်ငံ သဘာဝဓာတ်ငွေ့ စက်မှုလုပ်ငန်း ကုမ္ပဏီ ဒါရိုက်တာချုပ် မီလာတို့ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-09-26 15:21:17

ယခုလ ၂၅ရက်နေ့က ပေကျင်းမြို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ကျန်းကောလိနှင့် ရုရှားသဘာဝဓာတ်ငွေ့ စက်မှုလုပ်ငန်း ကုမ္ပဏီ ဒါရိုက်တာချုပ် မီလာတို့ တွေ့ဆုံနှုတ်ဆက်ရာတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သဘာဝဓာတ်ငွေ့ နယ်ပယ်မှာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဦးနှစ်ဖက်သည် နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တရုတ်-ရုရှားအရှေ့ပိုင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစသည့် မဟာဗျူဟာမြောက် လုပ်ငန်းကြီးများအား ကောင်းမွန်စွာ လုပ်ဆောင်ရန်လိုကြောင်း ကျန်းကောလိက ပြောဆိုခဲ့ပါသည်။

ရုရှားနိုင်ငံသည် အရှေ့ပိုင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စသည့် မဟာဗျူဟာမြောက် လုပ်ငန်းများ တည်ဆောက်ခြင်းကို အပြုသဘောဖြင့် တွန်းအားပေး၍ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

   Webradio