• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ဗြိတိန်ဝန်ကြီးချုပ်နှင့် ဖုန်းဆက်

(GMT+08:00) 2017-09-26 14:44:38

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ချိန်းထားသည့်အတိုင်း၊ ယခုလ ၂၅ ရက်နေ့ က ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Theresa May နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က၊ မိမိသည်၊ ဂျီ-၂၀ ဟမ်းဘတ်ထိပ်သီးများ အစည်းအဝေးတွင် မဒမ် ဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ပြီး၊ ၂၁ ၇ာစုသို့ ရှေ့ရှုသော တရုတ်-ဗြိတိန် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုနက်ရှိုင်းအောင်ပြုလုပ်ပြီး၊ နှစ်ဖက်ဆက်ဆံမှု၏ ရွှေ ကာလ ဆက်လက် ထူထောင်သွားရန် သဘောတူခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် Theresa May က၊ ဗြိတိန်နိုင်ငံအနေနှင့်၊ တရုတ်ပြည်နှင့် ဆက်ဆံမှုအပေါ် အလွန်အလေးထားပြီး၊ နှစ်နိုင်ငံဆက်ဆံမှု၏ ရွှေကာလ ဦးတည်ချက်ကို စွဲကိုင် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်တို့သည်၊ ကိုးရီးယားကျွန်းဆွယ်အခြေအနေနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းလည်း ဆင်ဟွာသတင်းအရသိရသည်။

   Webradio