• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချန်-မဲခေါင်မြစ် ယဉ်ကျေးမှုဖိုရမ် ကျက်ကျန်းပြည်နယ် နင်ပိုးမြို့တွင် ကျင်းပ

(GMT+08:00) 2017-09-25 13:44:59

      ၁၅ ကြိမ်မြောက် အာရှအနုပညာပွဲတော်၏ အဓိကလှုပ်ရှားမှုတစ်ရပ်ဖြစ်သည့် လန်ချန် -မဲခေါင်မြစ် ယဉ်ကျေးမှုဖိုရမ်ကို ယခုလ ၂၄ ရက်နေ့က တရုတ်ပြည်ကျက်ကျန်းပြည်နယ် နင်ပိုးမြို့တွင် ကျင်းပခဲ့ကြောင် ဆင်ဟွာသတင်းအရသိရသည်။

တရုတ်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး လော့ရှုကန်း၊ ထိုင်းအစိုးရ ဒု ဝန်ကြီးချုပ်  တာနာဆာ၊ ယဉ်ကျေးမှုဝန်ကြီး ဝီလာ၊ လာအိုမီဒီယာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီး ဘိုစိတ်ကန်၊ ကမ္ဘောဒီးယားယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန အတွင်းရေးမှူး စိုမ်စိုခွန်၊ မြန်မာသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးအောင် စန်းဦးနှင့် ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အာကစားနှင့် ခရီးသွားဝန်ကြီးဌာန ဒု ဝန်ကြီး ကျိန်ရှီရွှေတို့သည်၊ လန်ချန်-မဲခေါင်မြစ်ဝှဏ်း ဒေသငယ်၏ ယဉ်ကျေးမှုကူးလူးဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အသီးသီးမိန့်ခွန်းပြောကြားခဲ့သည်ဟု သတင်းအရသိရ သည်။

 

   Webradio