• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်ငါးဖမ်းသင်္ဘောကို ဖိလစ်ပိုင်က ဖမ်း​ဆီး​ထိန်း​သိမ်းရာ၌ ငါးဖမ်းသူ ၂ ဦးသေဆုံး

(GMT+08:00) 2017-09-25 13:44:23

      ဖိလစ်ပိုင်ရေတပ်သည်၊ ယခုလ ၂၄ ရက်နေ့က လျူဇွန်ကျွန်းအနောက်ဘက် ပင်လယ်ရပ်ဝန်း၌ ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ယင်းဖမ်းဆီးမှုပြုလုပ်ရာ၌ ဗီယက်နမ်ငါးဖမ်းသူ ၂ ဦးသေဆုံးပြီး၊ ကျန် ၅ ဦးတို့သည်၊ ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရ ကြောင်း ဖိလစ်ပိုင်စစ်ဖက်မှ ၂၄ ရက်နေ့က အတည်ပြုခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ဖိလစ်ပိုင်ရေတပ်မှ သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့်၊ ဗီယက်နမ်ငါးဖမ်းသူ ၂ ဦးသေဆုံး ရခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ဒေသခံမီဒီယာအချို့မှ သတင်းဖော်ပြခဲ့သည်။

သိုသော်၊ ဖိလစ်ပိုင်ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူက ယင်းအပေါ် အသိအမှတ်မပြုခဲ့ ကြောင်း သတင်းအရသိရသည်။

   Webradio