• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဗီယက်နမ် နှစ်နိုင်ငံတပ်မတော် စတုတ္ထအကြိမ်မြောက် နယ်စပ်ဒေသ အဆင့်မြင့် တွေ့ဆုံပွဲကျင်းပ

(GMT+08:00) 2017-09-25 12:07:32

တရုတ်-ဗီယက်နမ် နှစ်နိုင်ငံတပ်မတော် စတုတ္ထအကြိမ်မြောက် နယ်စပ်ဒေသ အဆင့်မြင့် တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ Tỉnh Lai Châu မြို့ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်းဖိန်ခရိုင်တွင် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် ဒုဥက္ကဋ္ဌ ဗန်ချမ်းလွန် နှင့် ဗီယက်နမ် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ငူရွှမ်လစ်တို့သည် ကိုယ်စားလှယ်အဖွဲ့ကို အသီးသီးဦးဆောင်ပြီး တက်ရောက်ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် နှစ်နိုင်ငံတပ်မတော် နယ်စပ်ဒေသ ချစ်ကြည်ရေး နှီးနှောဖလှယ်ပွဲကို ကျင်းပပြီး ဗီယက်နမ်-တရုတ် နယ်စပ်ဒေသ ချစ်ကြည်ရေး ယဉ်ကျေးမှုရုံး၏ ဖဲကြိုးဖြတ်ဖွင့်ပွဲသို့ တက်ရောက်၍ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ တပ်မတော်မှ နယ်ခြားစောင့်တပ်ဖွဲ့တို့ ပါဝင်ကြသော ပူးတွဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်ပွဲနှင့် ပူးတွဲကင်းလှည့်မှုကို ကြည့်ရှုခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio