• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖွံ့ဖြိုးရေး မဟာဗျူဟာ ညီညွတ်စေပြီး Belt and Road အတူ တည်ဆောက်ရန် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်တွင် ဖော်ပြ

(GMT+08:00) 2017-09-24 12:52:35

၂၀၁၇ခုနှစ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်ကို ယခုလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ တရုတ်ပြည် ရှီးအန်းမြို့တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

နိုင်ငံနှင့် ဒေသ ၇၆ခုမှ အစိုးရ အရာရှိ၊ တရုတ်ပြည်ဆိုင်ရာ သံတမန် အရာရှိနှင့် ပညာရှင် ၃ထောင်ကျော်သည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း၊ ယခု အကြိမ် ဖိုရမ်တွင် ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ မိုးလေဝဿ နယ်ပယ်များမှ အစည်း အဝေးနှင့်  Belt and Roadဆိုင်ရာ နိုင်ငံတကာ ကမ္ဘာမြေကြီး ပညာ(geoscience)နှင့် သတ္တုလုပ်ငန်း၊ မြစိမ်းရောင် အဆောက်အဦးနှင့် တရုတ်တိုင်းရင်းဆေးကုပညာ နယ်ပယ် များမှ ဖိုရမ်များကို တိုးချဲ့ကျင်းပခဲ့ကြောင်း၊ တက်ရောက်သူများက Belt and Road အတူတည်ဆောက်ရေးသည် တလျှောက်လုံးရှိ နိုင်ငံများ အတွက် အခွင့်ကောင်းများ ဆောင်ကြဉ်းလာပြီး ၄င်းနိုင်ငံများသည် အကျိုးများ ရရှိကြကြောင်း၊ နိုင်ငံများ၏ ဖွံ့ဖြိုးရေး မဟာဗျူဟာများကို ညီညွတ်စေပြီး ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်ရန် မျှော်လင့်ကြကြောင်း ဖော်ပြသည်။

 

   Webradio