• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မိုဘိုင်အင်တာနက်ဖြင့် အွန်လိုင်းငွေထုတ်ပေးခြင်းသည် တရုတ်ပြည်သူများ၏ နေထိုင်မှု ပုံစံ ဖြစ်လာပြီဟု WeChat အစီရင်ခံစာဆို

(GMT+08:00) 2017-09-24 12:50:26

ယခုလ ၂၂ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော တတိယအကြိမ်  စမတ်မြို့တော်နှင့် အွန်လိုင်း စီမံအုပ်ချုပ်မှု ဆိုင်ရာ အာရှနှင့် ပစိဖိတ် ထိပ်သီး အစည်းအ ဝေးတွင် WeChatအဖွဲ့သည် တက်ရောက်သူများအား တရုတ်ပြည်၏ စမတ်မြို့တော် ဆိုင်ရာ လက်တွေ့ဆောင်ရွက်မှုများကို မိတ်ဆက်ပေးပြီး ၂၀၁၇ခုနှစ် တရုတ်ပြည်၏ စမတ်နေထိုင်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းအစီရင်ခံစာတွင် စမတ်ဖုန်းဖြင့် အွန်လိုင်းငွေထုတ်ပေးခြင်း အပါအဝင် လက်ငင်း ငွေမဟုတ်သော ငွေထုတ်ပေးခြင်း နည်းလမ်းများသည် တရုတ်ပြည်တွင် ပြန့်ပွားနေပြီး တရုတ် ပြည်သူများ၏ နေထိုင်မှု ပုံစံ ဖြစ်လာပြီဖြစ်ကြောင်း ဖော်ပြသည်။

   Webradio