• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ တရုတ် အားကစား ယဉ်ကျေးမှု ပြပွဲ ကျင်းပ

(GMT+08:00) 2017-09-24 12:49:56

ယခုလ ၂၃ရက်နေ့ နံနက်ပိုင်းက ၂၀၁၇ တရုတ် အားကစား ယဉ်ကျေးမှု ပြပွဲနှင့် တရုတ် အားကစား ခရီးသွား ပြပွဲကို အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပေါင်ထိုမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် အမျိုးသား အားကစားလုပ်ငန်းဌာန ဒုဝန်ကြီး ကျောက်ရုံက ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ အားကစားယဉ်ကျေးမှု၏ အမြုတေအချက်မှာ အားကစားစိတ်ဓါတ်ဖြစ်ကြောင်း၊ မိမိတို့သည် အားကစား စိတ်ဓါတ် ပြန့်ပွားစေရန် ကြိုးပမ်းဆောင်ရွက်သည့်အပြင်၊ အားကစား ယဉ်ကျေးမှု လုပ်ငန်းနှင့် အားကစား ခရီးသွား လုပ်ငန်းများကို တွန်းအားပေးရန် လိုကြောင်း ပြောကြားသည်။

   Webradio