• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်တွင် ထုတ်လုပ်သည့် ပထမဆုံး Airbus 330ကို ဝယ်ယူသူကို လွှဲပြောင်းပေး

(GMT+08:00) 2017-09-22 19:16:28

      ယခုလ ၂၀ရက်နေ့က တရုတ်နှင့် ဥရောပ ဝန်ထမ်းများမှ ပူးပေါင်း လုပ်ကိုင်ခြင်းဖြင့် တရုတ်ပြည်တွင် ထုတ်လုပ်သည့် ပထမဆုံး Airbus 330 ခရီးသည်တင် လေယာဉ်ကို ဝယ်ယူသူအား တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းA330 ခရီးသည်တင် လေယာဉ် ပူးပေါင်းထုတ်လုပ်မှု လုပ်ငန်း သဘောတူ စာချုပ်ကို ၂၀၁၅ခုနှစ်က တရုတ်နှင့် ပြင်သစ်နှစ်နိုင်ငံတို့ ပြင်သစ်နိုင်ငံ Toulouseတွင် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး တရုတ်ပြည် ထျန်းကျင်းမြို့တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊  လေယာဉ် ဝယ်ယူသူသည် ထျန်းကျင်း လေကြောင်း ကုမ္ပဏီ ဖြစ်ကြောင်း၊ ယင်းသည် ဥရောပ အပြင်၊ Airbus ကုမ္ပဏီထားရှိသည့် ပထမဆုံး wide-body ခရီးသည်တင် လေယာဉ် ထုတ်လုပ်မှုနှင့် လွှဲပြောင်းပေးအပ်ခြင်း စင်တာ စတင် လုပ်ကိုင်ဆောင်ရွက်ခြင်း ကို ဖော်ပြနေကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio