• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဆင့်မြင့် နည်းပညာသစ် ဖွံ့ဖြိုးရေးဇုန်နှင့် လယ်ယာသိပ္ပံနည်းပညာဇုန်များသည် တရုတ် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီး အင်အားဖြစ်လာ

(GMT+08:00) 2017-09-22 19:15:47

၂၀၁၆ခုနှစ်က တရုတ်ပြည်၏ အဆင့်မြင့် နည်းပညာသစ် ဖွံ့ဖြိုးရေးဇုန်၏ ထုတ်လုပ်မှု စုစုပေါင်း ပမာဏသည် တရုတ်ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုး၏ ၁၀ရာခိုင်နှုန်း ကျော်ရှိပြီး ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွက် မဟာဗျူဟာမြောက် ဦးဆောင်မှု အင်အား ဖြစ်လာပြီ ဖြစ်ကြောင်း၊ နိုင်ငံတော် အဆင့် လယ်ယာသိပ္ပံနည်းပညာဇုန်များသည် လယ်ယာစိုက်ပျိုးရေး ခေတ်မီရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြနှင့်ကျေးလက်ဒေသ တပြေးညီ ဖြစ်စေရေး တွန်းအားပေးရန် အတွက် အရေးကြီး အင်အား ဖြစ်လာကြောင်း၊ တရုတ်ပြည် တစ်ပြည်လုံးတွင် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး စမ်းသပ်ဇုန် ၁၈၉ခု ရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာ များစွာ ရှိကြောင်း တရုတ် သိပ္ပံနည်းပညာ ဝန်ကြီး ဌာနမှ ယခုလ ၂၀ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio